Window Lock Shortcut လုပ်နည်း

Saturday, September 11, 20100 comments


မိမိတို့ရဲ့ Desktop ပေါ်မှာ Lock ချတဲ့ Shortcut လေး တစ်ခုလောက် လုပ်ကြရအောင်။ လုပ်နည်းလေးကတော့ အောက်ကအတိုင်းပါပဲ။

ပထမအဆင့်

၁) Desktop ပေါ်မှာ Right Click လုပ်။ New မှ Shortcut ကို ရွေး။
၂) Shortcut Wizard Box ပေါ်လာရင် အောက်က ကုဒ်တွေကို ကူးထည့်လိုက်။

%windir%\System32\rundll32.exe user32.dll,LockWorkStation

၃) ပြီးရင် Next ။ ဖိုင်နာမည်ကို Lock လို့ ပေးလိုက်ပါ။ Finish ။

ဒုတိယအဆင့်

၁) အဲဒီ Shortcut ရဲ့ Icon ကို ပြောင်းလဲမှာ ဖြစ်တဲ့အတွက် Icon ပေါ်ကို Right Click လုပ်။ Properties ကို ရွေး။
၂) ပြီးရင် Change Icon ကို ကလစ်လုပ်။
၃) look for icons in this file ဆိုတဲ့ အကွက်မှာ %SystemRoot%\system32\SHELL32.dll ရိုက်လိုက်။



၎) ပုံတွေပေါ်လာရင် Lock ပုံလေးရွေးပါ။ ပြီးရင် Ok ။

ဒါဆိုရင် မိမိတို့ရဲ့ Desktop ပေါ်မှာ Lock Shortcut လေး ရှိနေတော့မယ်။ ၀င်းဒိုးကို အလွယ်တကူ Lock ချခဲ့လို့ရမယ်။ ဒီထက် လွယ်ချင်ရင်တော့ Window Key + L Key ကိုသာ နှိပ်လိုက်ပါ။ ပိုမြန်ပါတယ်။


မောင်စေတနာ


Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger