Lock ချထားသော ဖိုလ်ဒါ၊ ဖိုင်များ ပြန်ဖွင့်နည်း

Saturday, September 25, 20100 comments

တစ်နေ့က Lock Folder Using Security Tab ဆိုပြီး ကျနော်ရေးခဲ့ပါတယ်။ security tab
မဖျောက်ထားဘူးဆိုရင် အဲဒီဖိုလ်ဒါတွေကို ပြန်ဖွင့်တဲ့အခါ အတော်ဒုက္ခရောက်တယ်။ သိတဲ့ပုဂ္ဂိုလ်များအတွက်
လွယ်တယ်ဆိုပေမယ့်မသိရင် အတော်ကသိကအောက်ဖြစ်တယ်ဗျာ။ ဒါကြောင့် အဲဒီပြန်ဖွင့်နည်းလေးကို
ကျနော်ရေးပြချင်ပါတယ်။သိရင်တော့ကျော်သွား၊ ဒီထက်ကောင်းတဲ့နည်းရှိရင်လဲ ထပ်ဖြည့်ပေါ့ဗျာ...

Lock ချထားသော ဖိုလ်ဒါ၊ဖိုင်များ ပြန်ဖွင့်နည်း

(၁) မိမိ Lock ချထားသော ဖိုလ်ဒါ၊ ဖိုင်အပေါ်ကို Right Click > Properties ကိုနှိပ်
(၂) ပေါ်လာတဲ့ Properties screenshot မှာ menu အပေါ်ဘားက security tab ကိုနှိပ်ပြီး အောက်က Advanceဆက်နှိပ်


(၃) Advance security setting ဘောက်စ်ပေါ်လာမည်။ menu အပေါ်ဘားက Owner ကိုနှိပ်၊ ညာဖက်အောက်က edit ကို ဆက်နှိပ်


(၄) နောက်ပေါ်လာတဲ့ ဘေက်စ်မှာ Current Owner နဲ့ Change Owner နှစ်မျိုးရှိပါတယ်။ Current Owner ထဲမှာ Unable to display current owner ဆိုတာတွေ့ရမှာဖြစ်ပါတယ်။ အဲဒါကို Change Owner ထဲမှာရှိတဲ့ မိမိကွန်ပျူတာ Userနဲ့ ပြန်ပြောင်းရမယ်။ ဒါဆို Change Owner ထဲတွင် မိမိ user name ကိုရွေးပါ။ ပြီးရင် Apply ကိုနှိပ်


(၅) Window Security , Messgae ပေါ်လာမည် OK ကိုနှိပ်



ဒီအဆင့်တွေအားလုံးပြီးရင် ဖွင့်ထားတဲ့ဘောက်စ်အားလုံးကို ပြန်ပိတ်လိုက်ပါ

ကျနော်တို့ နောက်တစ်ခေါက် အဲဒီဖွင့်ချင်တဲ့ဖိုလ်ဒါ၊ ဖိုင်ကိုပဲ right click > properties နောက်တစ်ကြိမ်ပြန်နှိပ်ပါ။

ထိုနောက် security tab ကိုနှိပ်


နောက်ပေါ်လာတဲ့ဘောက်စ်ထဲတွင် Group or user name အကွက်တွင် မိမိ user name ကိုရွေး၊ ပြီးတော့
edit ကို ဆက်နှိပ်


နောက်တစ်ဆင့်မှာ Permission for users တွင် Allow နဲ့ Deny တွင် Allow အောက်တည့်တည့်ရှိ လေးထောင့်ကွက်တွင် ပထမဆုံးအကွက်ကို ခြစ်လေးလိုက်ပါ၊ ပြီးတော့ Apply ကိုနှိပ်။


ပြီးတော့ error apply security မက်စေ့ဂ်ျဘောက်စ်ပေါ်လာမည်၊

အဲဒါကို continue ကိုနှိပ် (တစ်ခု သတိထားရမှာ မိမိဖွင့်ချင်တဲ့ဖိုလ်ဒါထဲမှာ ဖိုင်၊ ဖိုလ်ဒါတွေဘယ်နှစ်ခုရှိသလဲ၊ ၇ှိတဲ့အရေအတွက်လိုက် continue ထပ်ကာထပ်ကာနှိပ်ပါ။ အားလုံးပြီးလျှင် သူ့အလိုလို
မက်စေ့ဂ်ျဘောက်စ်ပျောက်သွားပါလိမ့်မည်။

လွယ်မလိုလိုနဲ့ ခက်သားနော်...

အဆင်ပြေပါစေ...

စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger