Internet တပ်ဆင်ရန်လိုအပ်ချက်

Wednesday, September 15, 20100 comments

မြန်မာချက်အွန်လိုင်းမှာ ကွန်ပျူတာအကြောင်းတွေဖတ်ရင်းနဲ့ ”ကျွန်တော်တို့ကွန်ပြူတာတစ်လုံးကို အင်တာနက်တပ်မယ်ဆိုရင်ဘာတွေလုပ်ရသလဲ” ဆိုတဲ့ ညီလေး သိန်းထေးဝင်းရဲ့မေးခွန်းလေးကို
တွေ့လိုက်တယ်။ အဲဒီမေးခွန်းကို မြန်မာမှာအင်တာနက်တပ်ဆင်လိုသူများအတွက်အထောက်အကူ
ဖြစ်နိုင်ပါတယ်။

ညီလေး phoenay ရဲ့ အဖြေနဲ့ပဲ ကျနော်ပြန်ပြီး ပို့စ်တင်လိုက်ပါတယ်။ အသုံးတည့်မယ်ထင်
ပါတယ်။ ကဲဖတ်ကြည့်ရအောင်ဗျာ...

ဘယ်လို connection အမျိုးအစားကို သုံးချင်မှာသလဲ
သူငယ်ချင်းနေသော မြို့မှာ ADSL ရလား
အလွယ်ကူဆုံးနည်းလမ်းကတော့ Dial-up ပါပဲ
ကုန်ကျစရိတ်လည်းအသက်သာဆုံးဖြစ်ပါတယ်
dial-up သုံးချင်တယ်ဆိုရင်
သူငယ်ချင်းမှာ Auto telephone တစ်လုံးရှိဖို့လိုအပ်မှာဖြစ်ပါတယ်
နောက်ပြီးသူငယ်ချင်းရဲ့ ကွန်ပျူတာမှာ modem တပ်ဆင်ရပါမယ်
internal ဖြစ်ဖြစ် External ဖြစ်ဖြစ်ရပါတယ်
internal က တစ်သောင်းကျပ်ဝန်းကျင်သာရှိပြီး ကွန်ပျူတာရဲ့ PCI Slot မှာ တပ်ရပါတယ်
External ကတော့လေးသောင်းကျပ်ဝန်းကျင်ရှိပြီး USB စနစ်နဲ့ ကွန်ပျူတာပြင်ပမှာ ထားရပါတယ်
internal သို့ External modem တပ်ဆင်ပြီးတဲ့အခါ Auto Telephone ကလိုင်းကြိုးကို modem ရဲ့ jack မှာတပ်လိုက်ရုံပါပဲ
နီးစပ်ရာကွန်ပျူတာ အရောင်းဆိုင်များမှာ ACCESS Kit များကို ၀ယ်ယူရရှိနိုင်ပါတယ် 15hrs, 30hrs စသည်ဖြင့် အမျိုးမျိုးလာပါတယ်
အဲဒီ kit အတွင်းမှာ username, password နဲ့အတူ အသုံးပြုနည်း စာရွက်လည်းပါတာကြောင့် ကိုယ်တိုင်ဆောင်ရွက်နိုင်ပါလိမ့်မယ်

Ref: http://www.myanmarchatonline.org/forum/index.php?topic=37601.0
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger