CMD နဲ့ folder များ ဖွင့်ရအောင်

Sunday, April 11, 20100 comments

စောလင်းနက်စ်

CMD နဲ့ folder များ ဖွင့်ရအောင်

ကျနော်သိထားတဲ့ကွန်ပျူတာအကြောင်းလေးတွေကို မသိသေးသူများအတွက် အလျှင်းသင့်သလို
ရေးသွားမှာဖြစ်ပါတယ်။ သို့သော် ကျနော်ရေးသားသောအကြောင်းအရာများသည် တတ်သိနားလည်
သော ပုဂ္ဂိုလ်များထံမှ သင်ယူသိရှိကာတစ်ဆင့်ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။ ကျနော်သိသောနည်း
ပညာများကို အခြားမသိသေးသောပုဂ္ဂိုလ်များအတွက် အဓိကထားပြီးရေးတာဖြစ်သလို မှတ်စုအဖြစ်
သိမ်းထားခြင်းလည်းဖြစ်ပါတယ်။ ကျနော်နည်းပညာဆိုင်ရာမှာ ဆရာတစ်ဆူမဟုတ်ပါ တကယ့်ကိုအ
နည်းငယ်မျှသိခြင်းဖြစ်ပါတယ်။

CMD နဲ့ folder များဖွင့်ပုံကို စမ်းကြည့်ရအောင်....
ထုံစမ်းအတိုင်း Run {Window + R} ဖွင့်ပါ။ Run box ထဲတွင် cmd ရိုက်ထည့်ပြီး enter ခေါက်ပါ။
၁။ cd\ ရိုက်ပြီး enter ခေါက်။
၂။ D: ထဲတွင် foder များဖွင့်ချင်ပါက D:ရိုက်ထည့်ပြီး enter ခေါက်။
(အလားတူ C, E စသည်တွင်ရှိသော foderများ ဖွင့်ချင်ပါက C: or E: ရိုက်ထည့်ပြီး enter ခေါက်ပါ)
၃။ dir ရိုက်ထည့်ပြီ enter ခေါက်ပါ။



ထိုနောက် အောက်ပါအတိုင်း folder များ ပွင့်လာတာတွေ့ရမှာဖြစ်ပါတယ်။


ထို folder များမှ တစ်ခုခုကို ထပ်ပြီးဖွင့်ချင်လျှင် (ဥပမာ)"Mg" ဆိုတဲ့ folderကိုထပ်ဖွင့်ချင်လျှင် start Mg
ရိုက်ထည့်ပြီး enter ခေါက်ပါ။ အောက်ပါအတိုင်း D:ထဲမှာရှိသော Mg folder များပဲဖြစ်ပါတယ်။



ကဲ...အဆင်ပြေပါစေ...
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger