Domain name registration

Sunday, September 12, 20100 comments

ဒီတစ်ပတ်တော့ domain name registration လုပ်တဲ့ အကြောင်း ပြောကြရအောင်။ Domain name registration လုက်ဖို့ အတွက် domain registrar ဆီမှာ ဒိုမိန်း အမည် ဝယ်ဖို့ လိုပါတယ်။ Domain name registrar တွေ အများကြီးပါ။ ကျွန်တော် ကတော့ domainsite.com ကနေ domain name တွေ ဝယ်ပါတယ်။ ဈေးကတော့ တစ်နှစ်ကို US$ 8.88 ပါ။ ဒါကို credit card or paypal နဲ့  ပေးလို့  ရပါတယ်။


ဒီ domainsite.com ကို သုံးဖို့ အတွက် ပထမဆုံး ကိုယ့် email address နဲ့  account ဖွင့်ဖို့  လိုပါတယ်။ account ဖွင့်ပြီးရင် ကိုယ် ဝယ်ချင်တဲ့ domain name ကို လွတ်မလွတ် ကြည့်ပြီး လွတ်ရင် ငွေချေ ရုံပါပဲ။ ဘာမှ မခက်ပါဘူး။


Domain registration လုပ်ဖို့  ပထမဆုံး Register a domain ဆိုတဲ့ link ကို အရင် ဝင်ရပါမယ်။ အဲဒီမှာ ကိုယ်လိုချင်တဲ့ domain name ကို search box ထဲ ရိုက်ထဲ့၊ ကိုယ်လိုချင်တဲ့ domain extension (.com, .net, .info) ကိုရွေး၊ ပြီး GO ကိုနှိပ်လိုက်။ အဲဒီအခါ ဘယ် domain တွေ လွတ်လဲဆိုတာ ပြပါလိမ့်မယ်။ အဲဒီ ထဲကမှ ကိုယ်ဝယ်ချင်တဲ့ domain name ကို ရွေးပါ။ ပြီး Add to cart ကို နှိပ်လိုက်ရင် confirmation screen ပေါ်လာ ပါလိမ့်မယ်။ ကိုယ် ဘယ်နှစ်နှစ် ဝယ်မလဲ ရွေးပြီး ငွေချေရုံပါပဲ။ ဒီမှာ Add hidden whois service ဆိုတာက ဒီ ဒိုမိန်းကို ကိုယ်ဝယ်ထားတာ လူမသိ စေချင်ရင် ပိုင်ရှင် နာမည် ဝှက်ထားနိုင်ပါတယ်။ ဒီ့အတွက်က တစ်နှစ်ကို US$ 0.50 ပါ။



Search your domain name
Search your domain name




Choose your domain name
Choose your domain name



Register your domain
Register your domain


ဒီ domainsite.com ကနေ .mm domain တွေကိုတော့ ဝယ်လို့  မရပါဘူး။ ဒီ .mm domain တွေရဲ့ ပိုင်ရှင်က မြန်မာ့ ဆက်သွယ်ရေး (အရင်ကတော့ ပုဂံနက်) ဖြစ်လို့  ဒီ .mm တွေ လိုချင်ရင်တော့ မြန်မာ့ ဆက်သွယ်ရေးကို စုံစမ်းကြည့်ပါ။



Ref: http://www.bamarlay.com/
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger